
PTT အာပူရွက်
အာပူရွက်ဆိုတာဘာလဲ🌿 ရခိုင်ဟင်းလျာတွေမှာထည့်ရတဲ့အရွက်တစ်မျိုးဖြစ်တဲ့ အာပူရွက်ခေါ် Nettle Leaf ကို ကိုယ့်နိုင်ငံကလူတွေသာ သိပ်မသိကြတာကမ္ဘာမှာတော့ Nettle Leaf ကထုပ်တဲ့ Products တွေက အမျိုးစားရာနဲ့ချီပြီးရှိပါတယ်။ ဟင်းချက်တဲ့နေရာမှာတော့ ကြက်သားဟင်း ၊ ကြက်သားရခိုင်ချက် ၊ ငါးဟင်း ၊ ရခိုင်မုန့်တီ ၊ ရခိုင်ငါးပိထောင်း ဒီ့အပြင်အသားဟင်းတွေချက်ရင်လည်းထည့်ချက်လို့ရပါတယ်။ အနံအရသာကို ပိုမိုထူးကဲသွားစေနိုင်တဲ့ အစွမ်းက အာပူရွက်ရဲ့ ထူးခြားချက်ပါ။ဟင်းထဲကို အများကြီးခတ်စရာမလိုပဲ အနည်းငယ်ခတ်ထည့်ရုံနံ့ ဟင်းရဲ့အနံ့အရသာကို ပြီးပြည့်စုံစေမှာပါ။ အာပူရွက်မှာအနံ့အရသာအပြင်အာဟာရဓာတ်တွေလည်းများစွာပါဝင်နေတာပါ။ ဗီတာမင်တွေ အနေနဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် B တို့ ပါဝင်နေပါတယ်။သတ္တုဓာတ်တွေ အနေနဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တို့ ပါဝင်နေပါတယ်။အဆီဓာတ် အနေနဲ့ Linoleic acid၊ linolenic acid၊ palmitic acid၊ stearic acid နဲ့ oleic acid တို့ ပါဝင်နေပါတယ်။အမိုင်နိုအက်ဆစ်တွေ ပါဝင်နေပါတယ်။ဒါတွေအပြင် ဖလေဗာနွိုက်၊ ဘီတာကယ်လ်ရိုတင်း၊ ကာရိုတီးနွိုက်နဲ့ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွ